Leadership 101 :  Say-Do Gap ကို ပိုကျဉ်းလိုက်ပါ။

Leadership 101 : Say-Do Gap ကို ပိုကျဉ်းလိုက်ပါ။

ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ အတွက်ဆိုရင် ကိုယ့်ရဲ့ say-do gap ကို ကျဉ်းမြောင်းလိုက်ဖို့လိုအပ်ပါတယ်။

ဒါဆိုရင် say-do gap ဆိုတာ ဘာပါလဲ။

say-do gap ဆိုတာ ကိုယ်ပြောတဲ့ အပြောကို လုပ်ရပ်နဲ့ သက်သေပြခြင်း ဖြစ်ပါတယ်။
ခေါင်းဆောင်ဖြစ်နေတဲ့သူတွေ၊ ခေါင်းဆောင်ဖြစ်ဖို့ သင်ယူနေတဲ့ လူတွေတိုင်း
ကိုယ်ပြောလိုက်တဲ့အရာကို ကိုယ်က လုပ်ဖို့လိုပါတယ်။

ကိုယ်က ကိုယ့်ရဲ့ Team ကို တစ်ခုခု လုပ်ဖို့ ပြောလိုက်မယ်ဆိုရင် ဒီအရာကို လုပ်ပါ။

သင်ပြောခဲ့တဲ့ စကားကို မြင်နိုင်တဲ့ လုပ်ရပ်တွေနဲ့ များများ ဖြည့်တင်းမယ်ဆိုရင် သင့်ရဲ့ say-do gap က ပိုကျဉ်းမြောင်းလာမှာ ဖြစ်ပါတယ်။

မန်နေဂျာတော်တော်များများက ပါးစပ်ကနေ အပြောတွေ အများကြီး ပြောတတ်ကြပါတယ်။
သူတို့ဟာ အရာတစ်ခုကို လုပ်တော့မယ်လို့ ပြောလိုက်ပေမဲ့ ဘယ်တော့မှ လိုက်မလုပ်တတ်ကြပါဘူး။ ဒီလုပ်ရပ်က ခေါင်းဆောင်မှုကို ယုံကြည်လို့ မရနိုင်ခြင်းကို ပြနေတာပါပဲ။🚫🚫🚫

သင့်အဖွဲ့သားတွေ၊ သင်ဦးဆောင်နေရတဲ့သူတွေက သင့်စကားကို မယုံရင်တော့
သူတို့ကို သစ္စာရှိဖို့ သွားတောင်းဆိုလို့မရပါဘူး။

Say-Do Gap ကျယ်တဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေမှာဆိုရင် အလုပ်သမားတွေရဲ့ စိတ်ဓာတ်တွေက ပျက်ယွင်းနေတတ်ပြီး အလုပ်သမားတွေလည်း အလုပ်မမြဲကြပါဘူး။
သဘာဝမကျတဲ့ မျှော်လင့်ချက်တွေနဲ့ စီမံခန့်ခွဲမှု အမှားတွေ လုပ်နေပြီဆိုရင်
အလုပ်သမားတွေလည်း အမြဲတမ်း ခေါင်းဆောင်ပိုင်းတွေကို ဒေါသထွက်နေတတ်ကြပါတယ်။

say-do gap ကျယ်ဝန်းနေတဲ့ ဥပမာ ဆိုတာ ခေါင်းဆောင်တွေမှာ လုပ်စရာ ပြင်စရာ ပြဿနာတွေရှိတဲ့အချိန်၊ ဖြေရှင်းရမယ့် ပြဿနာတွေ ရှိတဲ့အချိန်မှာ
အရည်အချင်း ညံ့တဲ့ ခေါင်းဆောင်တွေဟာ ဒီပြဿနာအတွက် ဘာမဆို ဖြေရှင်းပေးသွားမယ်လို့ ပြောသွားပေမဲ့လည်း လုပ်ရမယ့် အချိန်ရောက်တဲ့ အချိန်အထိ မလုပ်တော့တာမျိုးကို ခေါ်တာပါ။
ပိုဆိုးတဲ့အချက်က သူတို့ဟာ ဒီပြဿနာကို ဖြေရှင်းနေတယ်လို့ ပြောနေပေမဲ့လည်း
တကယ် ဖြေရှင်းချင်စိတ်လုံးဝမရှိတဲ့ အခြေအနေကို ခေါ်တာပါ။

ဒီလို တွေ လုပ်ရခြင်းက

သူတို့အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို သံသယ အထွက်ခံရမှာ စိုးရိမ်နေတာကြောင့် ဖြစ်နိုင်သလို အဖွဲ့ရဲ့ အကြံပေးချက်ကိုလည်း လက်မခံချင်ဘဲ အဖွဲ့သားတွေနဲ့ ထိပ်တိုက်ဖြေရှင်းရမှာကို ကြောက်နေတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

ဘာအကြောင်းပြချက်ကြောင့်ပဲ ဖြစ်ဖြစ် သူတို့ဟာ အဖွဲ့သားတွေ ပျော်သွားအောင် လုပ်နေပြီလို့
ပြောပြီး ဘာ Action မှ မယူတဲ့ အခါ အဖွဲ့အစည်းတစ်ခုလုံးက အဲ့ဒီခေါင်းဆောင်မှု စွမ်းရည်ကို
စိတ်ပျက်တတ်သွားကြပါတယ်။ ✅✅

Say-Do Gap ကျဉ်းမြောင်းတဲ့ ကုမ္ပဏီတွေကြတော့ အဖွဲ့သားတွေအပေါ် ကောင်းတဲ့ အချိန်ဖြစ်စေ
၊ မကောင်းတဲ့ အချိန်ဖြစ်စေ ခေါင်းဆောင်တွေက အမြဲတမ်း ပွင့်လင်းမှု ရှိပါတယ်။
ထိုခေါင်းဆောင်တွေဟာ သူတို့ ပေးခဲ့တဲ့ ကတိတွေတိုင်းကို လုပ်တတ်လေ့ရှိပါတယ်။
ဒီလို လုပ်တတ်တဲ့ အကျင့်ရှိမယ်ဆိုရင် အဖွဲ့သားတွေရဲ့ ယုံကြည်မှုကို ရမှာ ဖြစ်ပါတယ်။
say-do gap ကျယ်နေပြီး အဖွဲ့သားတွေရဲ့ ယုံကြည်မှုကို ရဖို့ မျှော်လင့်လို့မရပါဘူး။
say-do gap ကျယ်နေတဲ့ ခေါင်းဆောင်တစ်ယောက်ဟာ ဦးဆောင်နိုင်မယ့် အခွင့်အရေးကို ရမှာ မဟုတ်ပါဘူး။ ✅✅

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆို ယုံကြည်မှုက တစ်ခြားအရာတွေ အားလုံးထက် အခရာ ကြပါတယ်။ ✅✅

ကိုယ်ပြောတာတွေများပြီး ဘာမှ လိုက်မလုပ်ဘဲ နေရင်တော့ ယုံကြည်မှုဆိုတာ ရှိမှာ မဟုတ်ပါဘူး။ ✅✅

မိတ်ဆွေအတွက်ရော ဒီစာလေးက ဘယ်လို အသုံးဝင်နိုင်မလဲ။ ❓❓❓

ကိုယ့်ကိုကိုယ် မညှာမတာ အကဲဖြတ်မှု လုပ်ပါ။
ငါက ခေါင်းဆောင်ပဲ လုပ်ချင်တာ လုပ်ခွင့်ရှိတယ်လို့ မထင်ပါနဲ့။
သင့်ဘယ်နှစ်ကြိမ်လောက် ကတိတွေပေးခဲ့ပါသလဲ။
သင့်ကတိပေးထားတဲ့ အရာတွေကို ဘယ်နှစ်ကြိမ်လောက် လိုက်လုပ်ခဲ့ပါသလဲ။
ဒီနှုန်းတွေကို နှိုင်းယှဉ်ပါ။
အကဲဖြတ်လို့ သင့်ဟာ ၁၀၀ ရာခိုင်နှုန်း ရှိနေမယ်ဆိုရင် သင့်ရဲ့ခေါင်းဆောင်မှု စွမ်းရည်က ဘာမှ သံသယ ဖြစ်စရာမလိုပါဘူး။ 💯💯

ဒါပေမဲ့ သင့်ရဲ့ နှုန်းက ၈၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းလောက်ပဲ ရှိနေမယ်ဆိုရင်တော့
သင့်ရဲ့ခေါင်းဆောင်မှုကို ယုံကြည်ရနိုင်စွမ်းက တော်တော်လေးကို နည်းပါးနေပါတယ်။
ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် သင့်မှာ ဒါမျိုး မဖြစ်ပါစေနဲ့။ ⛔️⛔️⛔️

လေးစားစွာဖြင့်

Live with Passion 👍

ပြေခိုင်

🎓 Asia’s Top Success Coach
🎓 1st NLP Trainer from Myanmar
🎓 Executive Director at John Maxwell Team
🎓 Certified John Maxwell Coach,Trainer & Speaker
🎓 Master Trainer & Coach at MEI

#EmpoweringLivesEveryDay
#MEI

Leave a comment

Name
E-mail
Website
Comment