အောင်မြင်မှုဆိုတာ အာကာသယာဉ်တစ်စီးလိုပါပဲ။

အောင်မြင်မှုဆိုတာ အာကာသယာဉ်တစ်စီးလိုပါပဲ။

အာကာသ ဒုံးပျံယာဉ်တွေ ကောင်းကင်ထဲသို့လွှတ်တင်တဲ့ ဗီဒီယိုတွေ ကို မိတ်ဆွေတို့ ကြည့်ဖူးကြပါသလား။ ဒီလောက်မြင့်မားတဲ့ သတ္တုတုံးကြီး ကောင်းကင်တည့်တည့်ကို တက်သွားတယ်ဆိုတာ တော်တော်ကို အံ့ဩဖို့ကောင်းသလို တော်တော်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပိုအရေးကြီးတာ တစ်ခုက အာကာသ ဒုံးပျံယာဉ်တွေဟာ
အောင်မြင်မှုကို ပုံဆောင်နေတာပါ။

ဒီလိုပါ။

အာကာသ ဒုံးပျံယာဉ်တွေရဲ့ အမြင့်ဟာ ၁၅ ထပ် တိုက်တစ်တိုက် အမြင့် ( ၁၈၄ ပေ) ခန့်ရှိပြီး အလေးချိန်ကတော့ ပေါင် ၄.၅ သန်းခန့် အထိ ရှိပါတယ်။ ဒီလောက် အလေးချိန်ရှိတဲ့ ဒုံးပျံယာဉ်တွေကို လူသားတွေက မြေပြင်ကနေ မိုင်ပေါင်း ၂၀၀ လောက်အထိ အမြင့်သို့ တက်သွားအောင် ကြိုးစားရတာ ဖြစ်ပါတယ်။

ဒုံးပျံယာဉ်ကြီးကို လွှတ်မတင်ခင်မှာ ပထမဆုံး လုပ်ဆောင်ရတဲ့ အလုပ်ကတော့ အာကာသ ယာဉ် ဆိုင်ရာ လုပ်သား တစ်ဦးက အာကာသယာဉ်ဘေးက အရှိန်မြင့် ဒုံးပျံ ၂ လုံးကို သော့ချထားတာကို စတင်ဖြုတ်ခြင်းပါပဲ။

ဒီအချိန်ကနေစပြီး T-minus ၅ မိနစ် စမှတ်ပါတော့တယ်။

အဲ့နောက်မှာတော့ ဘေးဘက်အရှိန်မြှင့် ဒုံးပျံနှစ်လုံး၊ ပင်မ အင်ဂျင် ၂ လုံး၊ တို့နဲ့ မောင်းနှင်ကွန်ပျူတာတို့က စတင် အလုပ် လုပ်ပါတော့တယ်။

T-minus 10 seconds

T-minus 9 seconds

T-minus 8 seconds

T-minus 7 seconds

T-minus 6.6 seconds အချိန်ကို ရောက်တဲ့ အချိန်မှာတော့ အဓိက အင်ဂျင်တွေက စတင် အလုပ်လုပ်ပါတော့တယ်။

T-minus 5 seconds.

T-minus 4 seconds.

အဓိက အင်ဂျင်တွေဟာ ဒီ ၃ စက္ကန့်အတွင်းမှာ တွန်းကန်အား ၉၀ ရာခိုင်နှုန်း အထိရောက်ရှိနေပြီး
ပေါင် ၁.၁ သန်းရှိ တွန်းကန်အားကို ပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။

T-minus 3 seconds ( ကွန်ပျုတာက ဒုံးပျံယာဉ် စတင်ထွက်ဖို့ အတွက် အမိန့်များကို စတင်လုပ်စောင့်နေပြီး ကွန်ပျုတာမှ အမိန့်များရောက်ရှိသွားတဲ အချိန်မှာတော့ အဓိက အင်ဂျင် ၃ လုံးပေါင်းပြီး အထူ ပေ ၄၀ ခန့်၊ အလျား ပေ ၄၉၀ ခန့်ရှိတဲ့ မီးတောက် အစုအဝေး စတင်ထွက်ရှိလာတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အဲ့ဒီအအချိန်မှာ ဘေးဘက် အရှိန်မြှင့် ဒုံးပျံတွေ စတင်လာပြီး ပေါင် ၆.၂ သန်းရှိ တွန်းကန်အားကို ပေးဖို့ အသင့်ဖြစ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ )

T-minus 2 seconds.

T-minus 1 second.

T-minus Zero:

နောက်ဆုံး အချိန်ရောက်တဲ့အခါမှာ ဘေးဘက် ဒုံးပျံ ၂ ခုလုံး အရှိန်အပြည့်နဲ့ ပွင့်လာပြီး
အာကာသ ဒုံးပျံယာဉ်ကို ထိန်းချုပ်ထားတဲ့ မူလီတွေ အားလုံး အရည်ပျော်သွားကာ အာကာသယာဉ်က
ကောင်းကင်ပေါ်ကို လွတ်လွတ်လပ်လပ် တက်ဖို့ အတွက် အဆင့်သင့် ဖြစ်လာပါတော့တယ်။

အဲ့ဒီအချိန် ပထမဆုံးတွေ့မယ့် အရာကတော့ ဒုံးပျံကို တုန်ဟည်းသံများမှ လျော့ပါးစေရန် ပြုလုပ်ထားတဲ့ ရေဂါလံ ၃၀၀၀၀၀ ဟာ အငွေ့ပျံ့သွားတဲ့ အတွက်ကြောင့် ရေငွေ့လုံးကြီးတွေ ဖြစ်ပြီး ဒီရေငွေ့လုံးတွေကြားမှာတော့ အရမ်းတောက်ပလွန်းတဲ့ နီဝါရောင် မီးလုံးကိုတွေ့ရမှာ ဖြစ်ပြီး အာကာသ ဒုံးပျံယာဉ်က ဒုံးလွှတ်စင်ကနေ စတင်ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

အဲ့နောက်မှာတော့ အာကာသယာဉ်ဟာ တစ်ဖြည်းဖြည်းချင်းသာ အမြင့်တက်နေတာ ဖြစ်နေတဲ့ အတွက် ကြည့်တဲ့လူတွေကတော့ ဒီ အာကာသယာဉ် အမြင့်ကို တက်နိုင်မှ တက်နိုင်ပါ့မလားလို့ ထင်တတ်ကြပါတယ်။ အဲ့အချိန် အာကာသယာဉ်က အမြင့်ကို တစ်ဖြည်းဖြည်းချင်းတက်နေပြီး
လောင်စာတွေ အများကြီးကိုလည်း သုံးနေရတဲ့ အချိန်ပါ။

ပေါင်သန်းပေါင်းများစွာသော ဒုံးတွန်းအားကို ဖြစ်စေဖို့ အတွက် လောင်စာ အများအပြားကို အသုံးပြုပြီးအခါမှာတော့ အာကာသယာဉ်ဟာ ကောင်းကင်သို့ မြည်ဟည်းကာ တစ်နာရီ မိုင် ၁၇၀၀၀ နှုန်းနဲ့ အာကာသထဲကို ထိုးတက်သွားပါတော့တယ်။

အာကာသယာဉ်တွေနဲ့ မြေကြီးကနေ ထွက်ခွာတဲ့ ပထမဆုံး ၂ မိနစ်မှာ
အောင်မြင်မှု အတွက် အရေးပါတဲ့ သင်ခန်းစာပါနေပါတယ်။

NASA အဖွဲ့ရဲ့ အချက်အလက်များ အရ အာကာသ ယာဉ်တစ်ခုလုံးရဲ့ လောင်စာ ၈၅ ရာခိုင်နှုန်းက
ပထမဆုံး ၂ မိနစ်အတွင်းမှာပဲ ၁၅ ထပ်တိုက်တစ်တိုက်လောက် အမြင့်ရှိတဲ့
အာကာသယာဉ်ကြီးကို သွားရမယ့် စုစုပေါင်း အကွာအဝေး ၁၂ ပုံ ၁ ပုံခန့် အတိုင်းအတာ ထိရောက်အောင် တွန်းအားပေးတဲ့ နေရာမှာပဲ ကုန်သွားပါတော့တယ်။ လို့ဆိုပါတယ်။

ဒီလိုပါပဲ၊ ဘဝမှာ အောင်မြင်မှုဆိုတာ ဒီလို ဖြစ်ပေါ်တာပါ။

အောင်မြင်တဲ့ အသက်မွေးလမ်းကြောင်းတစ်ခုကို စတင်ချင်ပါသလား။
စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်ချင်ပါလား။
ထုတ်ကုန်တစ်ခုကို အောင်အောင်မြင်မြင် ထုတ်လုပ်ချင်ပါသလား။

အောင်မြင်မှု တစ်ခု စတင် ထွက်ပေါ်လာဖို့ အတွက် သင့်အနေနဲ့ တကယ်ကြီးမားတဲ့ စွမ်းအားတွေကို သုံးစွဲဖိုလိုအပ်ပါတယ်။

ဒါပေမဲ့ အရေးကြီးတစ်ခုက သင့်အနေနဲ့ အစပျိုးခြင်း အဆင့်တစ်ခုကို အောင်အောင်မြင်မြင်
ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုတယ်ဆိုရင် ကျန်တဲ့ အရာတွေက သင့်အတွက်ပိုပြီး လွယ်ကူလာမှာ ဖြစ်ပြီး
ရလာဒ်ကလည်း တစ်ဖြည်းဖြည်းကြီးထွားလာမှာ ဖြစ်ပါတယ်။

ဒီလို အစပျိုး အဆင့်တွေဟာ တကယ်ခက်ခဲပြီး အလုပ်မဖြစ်နိုင်လောက်ဘူး ထင်ရပေမဲ့ အောင်မြင်မှုမှာ ဒီအဆင့်က အရေးပါဆုံးနဲ့ အခက်အခဲဆုံး အဆင့်ဖြစ်ပါတယ်။

ဒီတော့ ဒုံးပျံပစ်စင်ကနေ စတင်ထွက်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။
အမြင့်ရောက်သွားရင် ဘယ်လောက်လှပသလဲဆိုတာကို သင်တွေ့ရမှာပါ။

လေးစားစွာဖြင့်

Live with Passion 👍

ပြေခိုင်

🎓 Asia’s Top Success Coach
🎓 1st NLP Trainer from Myanmar
🎓 Executive Director at John Maxwell Team
🎓 Certified John Maxwell Coach,Trainer & Speaker
🎓 Master Trainer & Coach at MEI

#EmpoweringLivesEveryDay
#MEI

Leave a comment

Name
E-mail
Website
Comment