သင်ဘယ်အရာအပေါ် မှီခိုနေပါသလဲ။

သင်ဘယ်အရာအပေါ် မှီခိုနေပါသလဲ။

တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ ထီးနန်းတက်ပြီးတော့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေက ဘုရင်တွေထံ နန်းတတ်တဲ့ အထိမ်းအမှတ်အနေနဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒီလိုနဲ့ နိုင်ငံအသီးအသီးက ဘုရင်တွေထံ လည်ပတ်ပြီးတဲ့နောက်မှာ ဘုရင်ကြီး နောက်ဆုံးလည်ပတ်ခဲ့တဲ့ နိုင်ငံမှ ဘုရင်က သူ့ကို လက်ဆောင်အနေနဲ့ အရောင်အသွေး တော်တော်လှပတဲ့ Macaw Parrots 🐦ပေါက်လေး တစ်စုံကို ပေးလိုက်ပါတယ်။ ဒီလို လှပတဲ့ ငှက်လေးတွေကို ဘုရင်ကြီး အနေနဲ့ ပထမဆုံး မြင်ဖူးတာလည်း ဖြစ်ပါတယ်။ ဒီတော့ သူ့နိုင်ငံပြန်ရောက်တော့ တိုင်းပြည်တစ်ခွင်မှာ အတော်ဆုံး ငှက်လေ့ကျင့်ပေးတဲ့ သူတွေ ခေါ်ပြီး သူ့ရဲ့ Macaw Parrots လေးတွေကို လေ့ကျင့်ပေးဖို့ အမိန့်ပေးလိုက်ပါတယ်။ ဘုရင်ကြီးက ငှက်ပေါက်လေးတွေကို ချစ်လွန်းတဲ့အတွက် ဒီငှက်လေးတွေအတွက် နန်းတော်ထဲမှာ ငှက်ဥယျာဉ်တစ်ခုကိုပါ တည်ဆောက်ပေးလိုက်ပါသေးတယ်။ အားတဲ့အချိန်တိုင်းလည်း ဒီငှက်လေးတွေကို သူ့ပြတင်းပေါက်ကနေ ကြည့်ကြည့်နေတတ်ပါသတဲ့။ တစ်နေ့မှာတော့ ငှက်လေ့ကျင့်ပေးတဲ့သူက…

More info

အောင်မြင်မှုဆိုတာ အာကာသယာဉ်တစ်စီးလိုပါပဲ။

အောင်မြင်မှုဆိုတာ အာကာသယာဉ်တစ်စီးလိုပါပဲ။

အာကာသ ဒုံးပျံယာဉ်တွေ ကောင်းကင်ထဲသို့လွှတ်တင်တဲ့ ဗီဒီယိုတွေ ကို မိတ်ဆွေတို့ ကြည့်ဖူးကြပါသလား။ ဒီလောက်မြင့်မားတဲ့ သတ္တုတုံးကြီး ကောင်းကင်တည့်တည့်ကို တက်သွားတယ်ဆိုတာ တော်တော်ကို အံ့ဩဖို့ကောင်းသလို တော်တော်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပိုအရေးကြီးတာ တစ်ခုက အာကာသ ဒုံးပျံယာဉ်တွေဟာ အောင်မြင်မှုကို ပုံဆောင်နေတာပါ။ ဒီလိုပါ။ အာကာသ ဒုံးပျံယာဉ်တွေရဲ့ အမြင့်ဟာ ၁၅ ထပ် တိုက်တစ်တိုက် အမြင့် ( ၁၈၄ ပေ) ခန့်ရှိပြီး အလေးချိန်ကတော့ ပေါင် ၄.၅ သန်းခန့် အထိ ရှိပါတယ်။ ဒီလောက် အလေးချိန်ရှိတဲ့ ဒုံးပျံယာဉ်တွေကို လူသားတွေက မြေပြင်ကနေ မိုင်ပေါင်း ၂၀၀ လောက်အထိ အမြင့်သို့ တက်သွားအောင် ကြိုးစားရတာ ဖြစ်ပါတယ်။ ဒုံးပျံယာဉ်ကြီးကို လွှတ်မတင်ခင်မှာ ပထမဆုံး လုပ်ဆောင်ရတဲ့ အလုပ်ကတော့ အာကာသ ယာဉ်…

More info

အောင်မြင်မှုကို ဖန်တီးပေးနိုင်တဲ့ ယုံကြည်ချက် (၄) ရပ်

အောင်မြင်မှုကို ဖန်တီးပေးနိုင်တဲ့ ယုံကြည်ချက် (၄) ရပ်

သင်ဟာ သင့်ရဲ့ ခရီးကိုမောင်းနှင်နေတာပါ။ ဒီခရီးကို ဘဝလို့ခေါ်ပါတယ်။ ဒီခရီးမှာ အနိမ့်အမြင့်တွေလည်း ကြုံရမယ်။ ဘဝခရီးဟာ ရှုပ်ထွေးတဲ့ခရီးတစ်ခု ဖြစ်ပြီး ပျော်ရွှင်မှုတွေနဲ့ စိန်ခေါ်မှုတွေလည်း အများအပြားရှိနေပါတယ်။ တစ်ခါတစ်ရံမှာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့ရတဲ့ အခါ စိတ်ဓာတ်ကျတဲ့ အချိန်တွေလည်း ခဏခဏ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေအနေနဲ့ စွမ်းအားကြီးတဲ့ ယုံကြည်ချက် ၄ ခုကို လိုက်လံကျင့်သုံးမယ်ဆိုရင် သင်ဟာ အောင်မြင်မှုဆီကို တွန်းပို့ပေးနိုင်မယ့် စိတ်ဓာတ်တစ်ခုကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။ ၁။ ဖြစ်ပျက်သမျှအကြောင်းအရာတွေ အားလုံးက ကိုယ်မျှော်လင့်ထားတာနဲ့ မကိုက်ညီဘူးဆိုရင် အဲ့ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူနိုင်ရပါမယ်။ 🚵‍♀️ 🚵‍♀️ NLP မှာဆိုရင် ကျရှုံးမှုဆိုတာမရှိဘူး။ သင်ခန်းစာပဲရှိတယ်ဆိုတဲ့ ခွန်အားပေးနိုင်တဲ့ ယုံကြည်မှုတစ်ခုကို အရင်ဆုံး လက်ခံရပါတယ်။ ဒါရဲ့ အဓိပ္ပါယ်ကတော့ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒါက သင်ခန်းစာတွေပါပဲ။ ဒါမှ…

More info

ပျင်းရိခြင်းကို ကျော်လွှားနိုင်စေမယ့် နည်းစနစ် (၃) ချက်။

ပျင်းရိခြင်းကို ကျော်လွှားနိုင်စေမယ့် နည်းစနစ် (၃) ချက်။

မိတ်ဆွေတို့လည်း ကိုယ်ပျင်းနေပြီလို့ ခံစားမိရင် ဒီအချက်လေးတွေကို လုပ်ကြည့်ပါခင်ဗျာ။ “ သာမန်မျက်လုံးတွေ မမြင်နိုင်တဲ့ အရာတွေကို သတိမူပြီး အသက်ရှင်နေထိုင်ပါ။” – Dan Millman ကျွန်တော်တို့ နေထိုင်နေတဲ့ကမ္ဘာ တကယ့် အခွင့်အလမ်းတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးတာ။ ဒေါက်တာမာတင်လူသာကင်း ၁၉၆၇ အောက်တိုဘာ ၂၆ ရက်နေ့က ကျောင်းသားလေးတွေကို ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာဆို ကျွန်တော်တို့ ကမ္ဘာကြီးက ပိုပြီး အခွင့်အလမ်းတွေ များလာပြီလို့ ပြောခဲ့ပါတယ်။ ဒါက လွန်ခဲ့တဲ့ အနှစ် ၅၀ ခန့်ကပြောခဲ့တဲ့ ဆိုတော့ ဒီနေ့ခေတ်ဟာ အရင်ကထက် အရမ်း အခွင့်အလမ်းတွေများလာပါတယ်။ ဒေါက်တာ မာတင်လူသာကင်းပြောခဲ့တဲ့ အချိန်ကထက်လည်း ပိုများနေပါပြီ။ ကျွန်တော်တို့တွေ သမိုင်းတစ်လျှောက် ဘယ်လူသားမှ မစီးနိုင်ခဲ့တဲ့ ယာဉ်တွေနဲ့ခရီးသွားနေနိုင်ပြီ။ ဘယ်လူသားတွေမှ မဆက်သွယ်နိုင်ခဲ့တဲ့ နည်းလမ်းတွေနဲ့ ကျွန်တော်တို့ ဆက်သွယ်နိုင်နေပြီ။ ကျွန်တော်တို့တွေဟာ အရင်ကလူသားတွေထက်…

More info

Simon Sinek ပြောတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အဓိပ္ပါယ်

Simon Sinek ပြောတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အဓိပ္ပါယ်

(စာနည်းနည်းရှည်ပေမဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိပ္ပါယ်က်ုသိလိုသူများအတွက် အဆုံးထိ ဖတ်သင့်တဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။) 👍 👍 ၂၀၀၉ ခုနှစ် ၊စက်တင်ဘာလ (၈)ရက်က သူ့ရဲ့လုပ်ဆောင်ရွက်ချက်တွေ အတွက်မကြာသေးခင်ကမှ လွှတ်တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ် အပ်နှင်းခြင်းခံရတဲ့ ဗိုလ်ကြီး ဝီလီယံ ဆွမ်ဆင် (Captain William Swenson) ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ အဲဒီနေ့က အမေရိကန်နဲ့ အာဖဂန်စစ်သားတွေပါဝင်တဲ့ စစ်ကြောင်း တစ်ကြောင်းဟာ အစိုးရအရာရှိ အဖွဲ့နဲ့ အာဖဂန်အစိုးရအရာရှိ တစ်ဖွဲ့ဟာ ဒေသတွင်း ရပ်မိရပ်ဖက်တစ်ချို့နဲ့ တွေ့ဖို့အစည်းအဝေးတစ်ခုအတွက် အကာအကွယ်ပေးဖို့ အာဖဂန်နစ္စတန် နိုင်ငံထဲက ဒေသတစ်ခုကို ဖြတ်သန်းနေခဲ့ကြတာပါ။ အဲ့ဒီအချိန် သူတို့စစ်ကြောင်းဟာ ချုံခိုတိုက်ခိုက်တာ ခံခဲ့ရပြီးတော့ သုံးဘက်သုံးတန်လုံး အဝိုင်းခံလိုက်ရပါတယ်။ အဲ့ဒီအချိန် Captain Swenson ဟာဒဏ်ရာရနေသူတွေကို ကယ်ထုတ်ဖို့နဲ့ သေဆုံးနေသူတွေကို ဆွဲထုတ်ဖို့အတွက် သေနတ်ကျည်ဆန်တွေကြား ပြေးသွားခဲ့ပါတယ်။ သူကယ်တင်ခဲ့တဲ့သူတွေအနက် တစ်ယောက်ကတော့…

More info

Leadership 101 :  Say-Do Gap ကို ပိုကျဉ်းလိုက်ပါ။

Leadership 101 : Say-Do Gap ကို ပိုကျဉ်းလိုက်ပါ။

ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ဖို့ အတွက်ဆိုရင် ကိုယ့်ရဲ့ say-do gap ကို ကျဉ်းမြောင်းလိုက်ဖို့လိုအပ်ပါတယ်။ ဒါဆိုရင် say-do gap ဆိုတာ ဘာပါလဲ။ say-do gap ဆိုတာ ကိုယ်ပြောတဲ့ အပြောကို လုပ်ရပ်နဲ့ သက်သေပြခြင်း ဖြစ်ပါတယ်။ ခေါင်းဆောင်ဖြစ်နေတဲ့သူတွေ၊ ခေါင်းဆောင်ဖြစ်ဖို့ သင်ယူနေတဲ့ လူတွေတိုင်း ကိုယ်ပြောလိုက်တဲ့အရာကို ကိုယ်က လုပ်ဖို့လိုပါတယ်။ ကိုယ်က ကိုယ့်ရဲ့ Team ကို တစ်ခုခု လုပ်ဖို့ ပြောလိုက်မယ်ဆိုရင် ဒီအရာကို လုပ်ပါ။ သင်ပြောခဲ့တဲ့ စကားကို မြင်နိုင်တဲ့ လုပ်ရပ်တွေနဲ့ များများ ဖြည့်တင်းမယ်ဆိုရင် သင့်ရဲ့ say-do gap က ပိုကျဉ်းမြောင်းလာမှာ ဖြစ်ပါတယ်။ မန်နေဂျာတော်တော်များများက ပါးစပ်ကနေ အပြောတွေ အများကြီး ပြောတတ်ကြပါတယ်။ သူတို့ဟာ အရာတစ်ခုကို လုပ်တော့မယ်လို့ ပြောလိုက်ပေမဲ့ ဘယ်တော့မှ လိုက်မလုပ်တတ်ကြပါဘူး။…

More info