ဘဝမှာ ပျော်ရွှင်မှုတွေ၊ ပန်းတိုင်တွေ၊ ဝါသနာတွေကို သိချင်တယ်ဆိုရင် comfort zone အပြင်ဘက်ထွက်ဖို့က အရမ်း အခရာ ကျပါတယ်။ လူအများစုက Comfort Zone ထဲမှာ နေတဲ့အခါ သက်တောင့်သက်သာ ဖြစ်ပြီး ပျော်ရွှင်ရမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းက သင် Comfort Zone ထဲမှာ နေတာ ကြာလေလေ၊ သင့်ဘဝမှာ ပျော်ရွှင်မှုက ပျောက်ဆုံးလာလေပါပဲ။ ဒါ့ကြောင့် ဘဝမှာ ဒီထက်ပိုကြီးမားတဲ့ အောင်မြင်မှုကို လိုချင်တယ်ဆိုရင် comfort zone ထဲမှာ Energy ဖြည့်တင်းလိုက် Challenge Zone ထဲသွားလိုက် လုပ်တတ်ဖို့ လိုပါတယ်။ လူတွေ Challenge Zone ထဲ မသွားရဲတဲ့ အကြောင်းရင်းတစ်ချက်က comfort zone ထဲမှာ အဆင်မပြေဖြစ်နေတာထက် Challenge Zone ထဲရောက်တဲ့ အခါ…
