အောင်မြင်မှုကို ဖန်တီးပေးနိုင်တဲ့ ယုံကြည်ချက် (၄) ရပ်

အောင်မြင်မှုကို ဖန်တီးပေးနိုင်တဲ့ ယုံကြည်ချက် (၄) ရပ်

သင်ဟာ သင့်ရဲ့ ခရီးကိုမောင်းနှင်နေတာပါ။ ဒီခရီးကို ဘဝလို့ခေါ်ပါတယ်။ ဒီခရီးမှာ အနိမ့်အမြင့်တွေလည်း ကြုံရမယ်။ ဘဝခရီးဟာ ရှုပ်ထွေးတဲ့ခရီးတစ်ခု ဖြစ်ပြီး ပျော်ရွှင်မှုတွေနဲ့ စိန်ခေါ်မှုတွေလည်း အများအပြားရှိနေပါတယ်။ တစ်ခါတစ်ရံမှာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့ရတဲ့ အခါ စိတ်ဓာတ်ကျတဲ့ အချိန်တွေလည်း ခဏခဏ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေအနေနဲ့ စွမ်းအားကြီးတဲ့ ယုံကြည်ချက် ၄ ခုကို လိုက်လံကျင့်သုံးမယ်ဆိုရင် သင်ဟာ အောင်မြင်မှုဆီကို တွန်းပို့ပေးနိုင်မယ့် စိတ်ဓာတ်တစ်ခုကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

၁။ ဖြစ်ပျက်သမျှအကြောင်းအရာတွေ အားလုံးက ကိုယ်မျှော်လင့်ထားတာနဲ့ မကိုက်ညီဘူးဆိုရင် အဲ့ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူနိုင်ရပါမယ်။ 🚵‍♀️ 🚵‍♀️

NLP မှာဆိုရင် ကျရှုံးမှုဆိုတာမရှိဘူး။ သင်ခန်းစာပဲရှိတယ်ဆိုတဲ့ ခွန်အားပေးနိုင်တဲ့ ယုံကြည်မှုတစ်ခုကို အရင်ဆုံး လက်ခံရပါတယ်။ ဒါရဲ့ အဓိပ္ပါယ်ကတော့ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒါက သင်ခန်းစာတွေပါပဲ။ ဒါမှ မိတ်ဆွေအနေနဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူနိုင်မှာ ဖြစ်ပါတယ်။ ဘဝမှာ စိန်ခေါ်မှုတွေကို ကောင်းကောင်း ဖြတ်ကျော်နိုင်တယ်ဆိုရင် ဂုဏ်ယူပါတယ်။ ဒီစည်းမျဉ်းကိုမှတ်ထားပါ။ စိန်ခေါ်မှုတွေကို မဖြတ်ကျော်နိုင်ခဲ့ဘူးဆိုရင်လည်း ကောင်းပါသေးတယ်။ သင် ဒီအဖြစ်အပျက်ကနေ ဘာတွေ သင်ယူခဲ့ပါသလဲ။ နောက်တစ်ကြိမ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလာဒ်ကို ရအောင် ဒီသင်ခန်းစာကို ဘယ်လို အသုံးပြုမလဲဆိုတာ သင်သိသွားမှာပါ။ မိတ်ဆွေ ဘဝမှာ ဖြစ်ပျက်သမျှအရာတွေ အားလုံးထံက သင်ကြားနိုင်ပါတယ်။ သင်သာ လက်ခံတတ်တဲ့စိတ်ရှိမယ်ဆိုရင်ပေါ့။ စိတ်ဝင်စားစရာ ကောင်းတာတစ်ခုကတော့ ပထမဆုံးအကြိမ်မှာ သင်ဘာသင်ခန်းစာကိုမှ မသင်ယူနိုင်ခဲ့ဘူးဆိုရင် ဒီအခြေအနေက ထပ်တလဲလဲ သင့်ဘဝမှာ ဖြစ်ပျက်နေဦးမှာပါပဲ။ အဖြေတစ်ခုကို ရအောင်ရှာပါ။ ဒါဆိုရင်တော့ အနာဂတ်မှာ ဒီလို အဖြစ်အပျက်မျိုး ခဏခဏ ပြန်မဖြစ်အောင် သင်တားဆီးနိုင်ပါပြီ။

၂။ ဒါလည်းပဲ ပြီးသွားမှာပါ။ 🏇🏇

ဒါရဲ့ အဓိပ္ပါယ်ကတော့ ဘဝမှာ ဘယ်လိုပြဿနာနဲ့ပဲ ကြုံရကြုံရ တစ်ချိန်ကျရင် ဒီပြဿနာပြီးဆုံးသွားတဲ့ အချိန်ရောက်လာမှာဖြစ်ပြီး အမှတ်တရ တစ်ခုအနေနဲ့ ပဲကျန်ခဲ့တဲ့ အချိန်ရောက်လာမှာပါ။ NLP နည်းစနစ်တွေဟာ သင့်ရဲ့ စိတ်ဒုက္ခတွေ အားလုံးကို ဖယ်ရှားပေးနိုင်ပြီး ပန်းတိုင်တွေ ချမှတ်ကာ အရောက်သွားနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်စေဖို့ “ဒါလည်းပဲ ကျော်ဖြတ်သွားမှာပါ” ဆိုတဲ့ စကားလေးကိုပဲ မှတ်ထားလိုက်ပါ။

၃။ Action အဆက်မပြတ်ယူပါ။ 🚣‍♀️🚣‍♀️

သင့်ရဲ့ အတိတ်ဟာ သင့်ရဲ့ မြေပုံညွှန်းတစ်ခုပါ။ သင်အမြဲတမ်းနေထိုင်ရမယ့် အိမ်တစ်လုံး မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ်ရှေ့ဆက်ရောက်စေမယ့် အရာအားလုံးကို လုပ်ဆောင်ပါ။ သင့်ဒီစိတ်ဓာတ်ကို မွေးမြူလာနိုင်ပြီဆိုတာနဲ့ ဘဝမှာဘာတွေပဲ ကြုံရ ကြုံရသင်ကျော်ဖြတ်သွားနိုင်မှာပါ။ သင်ဘဝမှာ ဘာတွေပဲ ကြုံရကြုံရ မိတ်ဆွေအတွက် လက်ဆောင်တစ်ခုပေးချင်တာကတော့ “bend not break” ပါ။ “bend not break” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကတော့ “ ဝါးတွေက ကွေးနိုင်ဆန့်နိုင်ပါတယ်။ ဝါးတွေဟာ လေဘယ်ဘယ်လောက်တိုက်တိုက် မကျိုးပြတ်သွားဘဲ လေတိုက်ရာကိုသာ လိုက်ယိမ်းတတ်ပါတယ်။ ဝါးပင်တွေဟာ ဘယ်လိုအခြေအနေရောက်ရောက် ရှင်သန်အောင်နေနိုင်ကြပါတယ်။ ဒီစကားလေးက ခက်ခဲတဲ့ အချိန်တွေမှာ ကျွန်တော်တို့ ဒဏ်ခံနိုင်တဲ့စွမ်းရည်တွေရှိဖို့ လိုအပ်ပါတယ် ဆိုတာကို သတိပေးနေပါတယ်။

ဘဝရဲ့ အခက်အခဲတွေမှာ ဝါးပင်တွေလို ကျင့်သုံးပါ။ ဝါးပင်းတွေဟာ သူတို့ရဲ့ အမြစ်တွေက မြေအောက်မှာ ခိုင်မြဲအောင် အမြစ်တွယ်ထားပြီး သစ်ကိုင်းတွေကတော့ သဘာဝတရားကြီးရဲ့ အားတွေနဲ့အတွေ လိုက်လျောညီထွေနေနိုင်ပါတယ်။ သင်လည်း ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ပထမဆုံးလိုအပ်တာကတော့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို အရှုံးမပေးဘဲ ကြံ့ကြံ့ခိုင်ဖို့ပါပဲ။

၎။ ဖြစ်ပျက်သမျှ အားလုံးဟာ ကျွန်တော်မှာ တာဝန် အပြည့်အဝရှိပါတယ်။ 🏄🏄

တစ်စုံတစ်ယောက်က သင့်ရဲ့ဘဝကို လာပြောင်းပေးမှာပဲ ဆိုပြီးစောင့်နေတဲ့ အတွေးတွေကို လွှတ်ပစ်လိုက်ပါ။ တကယ်လို သင်ဟာ သင့်ဘဝကိုပြောင်းလဲချင်တယ်ဆိုရင် (ဘာတွေပဲဖြစ်နေဖြစ်နေ ) အရာအားလုံးဟာ သင့်အပေါ်မှာပဲမူတည်ပါတယ်။ သင်အောင်မြင်ချင်သလား၊ သင့်အပေါ်မှာပဲ တာဝန်ရှိပါတယ်။ သင်ချစ်ချင်သလား သင့်အပေါ်မှာပဲ တာဝန်ရှိပါတယ်။ သင် ပျော်ရွှင်ချင်သလား၊ သင့်အပေါ်မှာပဲ တာဝန်ရှိပါတယ်။ သင်အနေနဲ့ သင်လိုချင်တဲ့ အရာတစ်ခုအပေါ် တာဝန်ယူမှု အပြည့်အဝရှိပြီဆိုတာနဲ့ သင်ဟာ ဒါတွေ ဖြစ်လာဖို့အတွက် Action စယူတော့မှာပါ။ သင့်ရဲ့ မသိစိတ်ထဲမှာ ဒါတွေဖြစ်လာဖို့အတွက် စတင်လုပ်ဆောင်တော့မှာ ဖြစ်ပြီး မသိစိတ်ရဲ့ စွမ်းအားတွေက ဒါတွေ တကယ်ဖြစ်လာအောင်သင့်ကို ကူညီပေးမှာ ဖြစ်ပါတယ်။ သင်ဘယ်အရာကို လိုချင်လဲဆိုတာ အာရုံစိုက်ပါ။ သင်လိုချင်တဲ့ အရာ အားလုံးကို သင်ရယူနိုင်ပါတယ်။ သင်တကယ်လို့ ငြင်းခုံပြီး ဆင်ခြေပေးမယ်ဆိုရင်လည်း ဘာကြောင့် မဖြစ်ရတာလဲဆိုတာထက် ဘယ်လိုလုပ်ရင် ရနိုင်မလဲဆိုတဲ့ အကြောင်းရင်းတွေကို သေချာစဉ်းစားသင့်ပါတယ်။

လေးစားစွာဖြင့်

Live with Passion 👍

ပြေခိုင်

🎓 Asia’s Top Success Coach
🎓 1st NLP Trainer from Myanmar
🎓 Executive Director at John Maxwell Team
🎓 Certified John Maxwell Coach,Trainer & Speaker
🎓 Master Trainer & Coach at MEI

#EmpoweringLivesEveryDay
#MEI

Leave a comment

Name
E-mail
Website
Comment