7 Days Challenge – Day SEVEN

7 Days Challenge – Day SEVEN

မိတ်ဆွေတို့ အားလုံးကို MEI ရဲ့ 7 Days Challenge – Day SEVEN ဗီဒီယိုကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။

အောင်မြင်ခြင်း အကြောင်းကို လူတော်တော်များများ ပြောတတ်ကြပါတယ်။ ??

ဒါပေမဲ့ ကိုယ့်သွားချင်တဲ့ ပန်းတိုင်က ရေရှည်သွားရမယ့် ပန်းတိုင် တစ်ခုဆိုရင် ကြားထဲမှာ မိုင်တိုင်ပေါင်းများစွာ ရှိပါသေးတယ်။ ပန်းတိုင်ကြီးကို ရောက်မှ အောင်မြင်မှုလို့ခေါ်တာ မဟုတ်ပါဘူး။ ဒီမိုင်တိုင်လေးတွေထံ အဆင့်ဆင့် တိုးတက်ခြင်းကလည်း အောင်မြင်ခြင်းပါပဲ။ 

တစ်နေ့ တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတဲ့ စကားရှိသလို ထောင်ပေါင်များစွာသော ခရီးစဉ်တစ်ခုက ခြေတစ်လှမ်းနဲ့ စတင်ခြင်းပါပဲ လို့ Lao Tzu ကလည်း ပြောခဲ့ဖူးပါတယ်။

မိတ်ဆွေက ကျန်းမာရေး ကောင်းချင်တယ်ဆိုရင် မိတ်ဆွေရဲ့ Body Mass Index (BMI) လို့ခေါ်တဲ့ ခန္ဓာကိုယ် အလေးချိန် ညွှန်းကိန်းတွေ၊ သွေးဖိအားတွေကို နေ့စဉ်တိုင်းပါ။ ?‍♂

မိတ်ဆွေ က Leadership Skills ပိုကောင်းလာချင်တယ်ဆိုရင် မိတ်ဆွေ ဘယ်လို Plan ဆွဲမလဲ၊ ဘယ်လို စီမံမလဲ၊ မိတ်ဆွေရဲ့ ဝန်ထမ်းတွေကို ဘယ်လို တာဝန်ခွဲထားပေးမလဲဆိုတာ သတ်မှတ်ပါ။ ? ?

မိတ်ဆွေက ငွေကြေးပိုင်းဆိုင်ရာ အောင်မြင်ချင်တယ်ဆိုရင် မိတ်ဆွေရဲ့ ဘဏ်အကောင့်တွေ၊ ဝင်ငွေ၊ ထွက်ငွေစာရင်းတွေ ရင်းနှီးမြုပ်နှံထားတဲ့ အရာတွေကို တိုင်းတာပါ။ ??

မိတ်ဆွေ ဘယ်ကိုရောက်နေပြီလဲ၊ ဘယ်ကိုသွားချင်တာလဲ ဆိုတာကို အချိန်ယူပြီး ချရေးပါ။ မိတ်ဆွေ ရဲ့ လမ်းကြောင်းအတွက် ရုပ်ပုံလေးတွေပါ ဆွဲပြီး ရေးထားတာမျိုးက ပိုပြီး အသုံးဝင်ပါလိမ့်မယ်။ အဲ့နောက် အောင်မြင်ဖို့ အတွက် တိုင်းတာမှု၊ တိုးတက်မှုဆိုတာ ဘယ်လောက်အရေးကြီးသလဲဆိုတာ မိတ်ဆွေ တွေ့ရှိလာပါလိမ့်မယ်။ ? ?? ?

ဒီ MEI ရဲ့ Day 7 ဗီဒီယိုထဲမှာတော့ ကျွန်တော် SUCCESS = PROGRESS ဆိုတဲ့ သဘောတရားလေးကို ပြောပြပေးထားပါတယ်။ နောက်ဆုံးအနေနဲ့ ၇ ရက်တိုင်တိုင် ကျွန်တော်နဲ့ အတူ MEI ရဲ့ 7 Days Challenge ကို အတူတကွ လိုက်လံ လုပ်ဆောင်ပေးခဲ့တဲ့ မိတ်ဆွေတွေကို ကျေးဇူးအထူးတင်ကြောင်း ကျွန်တော် ပြောချင်ပါတယ်။ မိတ်ဆွေတို့အားလုံး ဒီနေ့ ၇ ရက်တိုင်တိုင် MEI ရဲ့ 7 Days Challenge ကို လုပ်ဆောင်ခဲ့တယ်ဆိုတာ မိတ်ဆွေဘဝမှာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ရယူချင်တဲ့ အောင်မြင်မှုတွေ ရှိနေသေးတယ်ဆိုတာကို ပြနေတာပါပဲ။ မိတ်ဆွေအနေနဲ့ အလုပ်ခွင်မှာ လိုချင်တဲ့ အောင်မြင်မှု ရှိနေမယ်၊ မိသားစုနဲ့ ပတ်သတ်ပြီး ကိုယ်လိုချင်တဲ့ အောင်မြင်မှုတွေရှိနေမယ်၊ စီးပွားရေးဆိုင်ရာမှာ သက်ဆိုင်ရာ အောင်မြင်မှုတွေကို အသီးသီး လိုအပ်နေကြမှာပါ။

မိတ်ဆွေဟာ မိမိကိုယ်မိမိ ဒီထက်ပို လုပ်ဆောင်နိုင်စွမ်းရှိတယ်၊ ဒီထက်ပို အောင်မြင်တွေ ရယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်တယ်ဆိုရင် ကျွန်တော်တို့ MEI (Myanmar Excellence Institute) ရဲ့ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး Training ဖြစ်တဲ့ Breakthrough to SUCCESS (1st NLP Based Personal & Professional Development Program In Myanmar Since 2013) သင်တန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ??

Breakthrough to SUCCESS သင်တန်း ကိုမြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်က စ၍ အကြိမ်ပေါင်း ၂၀ ကျော် ကျင်းပနိုင်ခဲ့ပြီး လူပေါင်း ၁၅၀၀ ခန့်ကို အသိပညာတွေ မျှဝေပေးနိုင်ခဲ့ပါတယ်။ အခုအချိန်က မိတ်ဆွေအတွက် အချိန်ကျရောက်လို့လာပါပြီ။ 

“Breakthrough to SUCCESS ” သင်တန်းကို Yangon နှင် Mandalay မြို့တွေမှာ အောက်ပါ ရက်များအတိုင်း ကျင်းပသွားမှာဖြစ်ပါသည်။

Breakthrough to SUCCESS (B2S) (2 Days)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

 Upcoming Class in Mandalay

? ? နေ့ရက် ။ ။ 2 – 3 June 2018

  အချိန် ။ ။ နံနက် (၉) နာရီ မှ ညနေ (၇) နာရီ အထိ

?? နေရာ ။ ။ Royal Mingalar Hotel ၊ Corner of 73rd x Ngu Shwe Wah Street, Chan Mya Thar Zi Township, Mandalay ?

 Upcoming Class in Yangon

? ? နေ့ရက် ။ ။ 30 June – 1 July 2018

  အချိန် ။ ။ နံနက် (၉) နာရီ မှ ညနေ (၇) နာရီ အထိ

?? နေရာ ။ ။ 7th floor Swe Daw Hall, Rose Garden Hotel,
Address: 171 Upper Pansodan, Yangon

==============================
?? Normal price : ကျပ်(၄) သိန်း

?Early bird : ကျပ် (၁) သိန်း (၅) သောင်း ကျပ် ?

(အစားအသောက်များ ပါဝင်မည် မဟုတ်ပါ)

Please contact for more information.

ဆက်သွယ်ရမည့်ဖုန်းနံပါတ်များမှာ –
 – 09 4018 66838
 – 09 79 555 1041
 – 09 76318 3167
 – 09 7636 19300

? Email: [email protected]

Seats are Very Limited, Please Contact NOW for Registration.
လူဦးရေကန့်သတ်ထားပါသည်။

Successful People Always Take ACTION.
Get Your One Way Ticket To SUCCESS.

လေးစားစွာဖြင့်

Live with Passion ?

ပြေခိုင်

? Asia’s Top Success Coach
? 1st NLP Trainer from Myanmar
? Executive Director at John Maxwell Team
? Certified John Maxwell Coach,Trainer & Speaker
? Master Trainer & Coach at MEI

#EmpoweringLivesEveryDay
#MEI7DaysChallenge

Leave a comment

Name
E-mail
Website
Comment