သင်ဘယ်အရာအပေါ် မှီခိုနေပါသလဲ။

သင်ဘယ်အရာအပေါ် မှီခိုနေပါသလဲ။

တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ ထီးနန်းတက်ပြီးတော့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေက ဘုရင်တွေထံ နန်းတတ်တဲ့ အထိမ်းအမှတ်အနေနဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒီလိုနဲ့ နိုင်ငံအသီးအသီးက ဘုရင်တွေထံ လည်ပတ်ပြီးတဲ့နောက်မှာ ဘုရင်ကြီး နောက်ဆုံးလည်ပတ်ခဲ့တဲ့ နိုင်ငံမှ ဘုရင်က သူ့ကို လက်ဆောင်အနေနဲ့ အရောင်အသွေး တော်တော်လှပတဲ့ Macaw Parrots 🐦ပေါက်လေး တစ်စုံကို ပေးလိုက်ပါတယ်။ ဒီလို လှပတဲ့ ငှက်လေးတွေကို ဘုရင်ကြီး အနေနဲ့ ပထမဆုံး မြင်ဖူးတာလည်း ဖြစ်ပါတယ်။ ဒီတော့ သူ့နိုင်ငံပြန်ရောက်တော့ တိုင်းပြည်တစ်ခွင်မှာ အတော်ဆုံး ငှက်လေ့ကျင့်ပေးတဲ့ သူတွေ ခေါ်ပြီး သူ့ရဲ့ Macaw Parrots လေးတွေကို လေ့ကျင့်ပေးဖို့ အမိန့်ပေးလိုက်ပါတယ်။
ဘုရင်ကြီးက ငှက်ပေါက်လေးတွေကို ချစ်လွန်းတဲ့အတွက် ဒီငှက်လေးတွေအတွက် နန်းတော်ထဲမှာ ငှက်ဥယျာဉ်တစ်ခုကိုပါ တည်ဆောက်ပေးလိုက်ပါသေးတယ်။ အားတဲ့အချိန်တိုင်းလည်း ဒီငှက်လေးတွေကို သူ့ပြတင်းပေါက်ကနေ ကြည့်ကြည့်နေတတ်ပါသတဲ့။
တစ်နေ့မှာတော့ ငှက်လေ့ကျင့်ပေးတဲ့သူက ဘုရင်ကြီးထံလာပြီး သူ့ရဲ့ Macaw Parrots ကြက်တူရွေးပေါက်လေးထဲက တစ်ကောင်က ကောင်းကင်ထက်မှာ အမြင့်ကြီး ပျံသန်းနေကြောင်း သတင်းလာပို့ပါသတဲ့။ နောက်ထပ်တစ်ကောင်ကတော့ ရောက်တဲ့ နေ့ကတည်းက သူနားနေတဲ့ ကိုင်းကနေကို မထသေးပါဘူး။
ငှက်တစ်ကောင်က ပျံနေပြီး ငှက်တစ်ကောင်က မပျံဘဲ သစ်ကိုင်းပေါ်မှာပဲ နားနေတာကို သိလိုက်ရတဲ့အခါ ဘုရင်ကြီးက သူ့အိမ်နီးချင်းတိုင်းပြည်မှ အတော်ဆုံး ငှက်လေ့ကျင့်ပေးတဲ့သူတွေကို ငှားရမ်းပြီး မပျံဘဲ နားပဲနားနေတဲ့ Macaw Parrot လေးကို အပျံကျင့်ပေးဖို့ ထပ်ခေါ်လိုက်ပါသတဲ့။ ငှက်လေ့ကျင့်ပေးတဲ့သူတွေအားလုံး သူတို့ တတ်စွမ်းသမျှ ပညာတွေနဲ့ လေ့ကျင့်ပေးကြပေမဲ့ ငှက်လေးကတော့ လုံးဝသစ်ကိုင်းကနေကို မပျံပါဘူး။ ဘုရင်ကြီးက သူ့နန်းတော်တွင်းက နန်းတော်သူ
နန်းတော်သားတွေကိုတောင် Macaw Parrot လေး ပျံအောင်လုပ်ဖို့ လေ့ကျင့်ခိုင်းခဲ့ပေမဲ့ ငှက်လေးက ပျံကိုမပျံပါဘူး။ ဒီလိုနဲ့ နည်းလမ်းတွေက အလုပ်မဖြစ်တဲ့ နောက်ဆုံးမှ ဘုရင်ကြီးက
ဒီငှက်လေး ပျံအောင်လုပ်ဖို့ အတွက်လိုနေတာက ကြက်တူရွေးတွေနဲ့ သဘာဝအလေ့အကျင့်နဲ့ ရင်းနှီးတဲ့ လူတစ်ယောက်ပဲဆိုတာကို သိလာပါတယ်။
ဒါကြောင့် ဘုရင်ကြီးက နိုင်ငံတွင်းက ကြက်တူရွေးအကြောင်းကို နားလည်တဲ့ နယ်စွန်နယ်ဖျားက လယ်သမား တစ်ယောက်ကို ခေါ်လာပြီး ကြက်တူရွေးလေး ဘာကြောင့် မပျံတာလဲ ဆိုတာကို ဖြေရှင်းခိုင်းပါသတဲ့။
လယ်သမားရောက်လာပြီး နောက်နေ့ မနက်ရောက်တဲ့အချိန်မှာ သစ်ပင်ပေါ်မှာ နားပဲနားနေတဲ့ ကြက်တူရွေးလေးက နန်းတော်ဥယျာဉ် အမြင့်ကြီးမှာ ပျံသန်းနေတာကို တွေ့လိုက်ရတော့ ဘုရင်ကြီးတော်တော် ပျော်ရွှင်သွားပါတယ်။ ဒါနဲ့ပဲ ကြက်တူရွေးကို လေ့ကျင့်ပေးခဲ့တဲ့ လယ်သမားကို နန်းတော်ထဲ ချက်ခြင်းခေါ်ပြီး “မင်း ကြက်တူရွေး ပျံသွားအောင် ဘယ်လို လုပ်ခဲ့တာလဲ ” လို့ မေးလိုက်ပါတယ်။
ဒီနေရာမှာ ခဏရပ်ပြီး ကျွန်တော် မိတ်ဆွေတို့ကို တစ်ခုလောက်မေးချင်ပါတယ်။
နိုင်ငံတစ်လျှောက်မှာ အတော်ဆုံးငှက်လေ့ကျင့်ရေး ဆရာတွေတောင် ကျင့်လို့ မရတဲ့ ကြက်တူရွေးလေးကို လယ်သမားကြီးက ဘယ်လိုလေ့ကျင့်ခဲ့တယ်လို့ ထင်ပါသလဲ။ ❓ ❓ ❓
အဖြေကို ပြောရရင်တော့ ဘုရင်ကြီး ရှေ့ရောက်တဲ့ အချိန်မှာ လယ်သမားကြီးက “ကြက်တူရွေးပျံအောင် လုပ်ဖို့ က တော်တော်လွယ်ပါတယ်။ ဘုရင်ကြီးခင်ဗျား။ ကျွန်တော် ကြက်တူရွေး နားနေတဲ့ သစ်ကိုင်းလေးကို ခုတ်ပစ်လိုက်ရုံပါပဲ ” လို့လျှောက်တင်လိုက်ပါသတဲ့။
ကျွန်တော့်ရဲ့ ခံယူချက်တစ်ခုက ကျွန်တော်တို့ အားလုံးမှာ အောင်မြင်မှုကို ရယူနိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားကြပါတယ် ဆိုတာပါပဲ။ ဒါပေမဲ့ လူတော်တော်များများက အောင်မြင်မှု အတွက် စွန့်စားရဲတဲ့ သတ္တိတော့ မရှိကြဘဲ ကိုယ့်အတွက်သာယာတဲ့ Comfort Zone လေးထဲမှာပဲ နေချင်တတ်ကြပါတယ်။ ဒီ Zone ထဲကနေလည်း အပြင်ကို လုံးဝ မထွက်ချင်ကြပါဘူး။ ဒီလို စိတ်နဲ့တော့ အောင်မြင်မှုဆိုတာနဲ့ အလှမ်းဝေးနေဦးမှာပါ။ ဒီတော့ အခွင့်အလမ်းသစ်တွေနဲ့ အောင်မြင်မှုတွေကို ရယူပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ရဲ့ comfort zone က ထွက်ရဲဖို့ လိုအပ်ပါတယ်။
Live with Passion 👍
ပြေခိုင်
🎓 Asia’s Top Success Coach
🎓 1st NLP Trainer from Myanmar
🎓 1st NLP Coach Trainer from Myanmar
🎓 Executive Director at John Maxwell Team
🎓 Certified John Maxwell Coach,Trainer & Speaker
🎓 1st Hypnotherapy Trainer from Myanmar
🎓 1st Time Line Therapy® Trainer from Myanmar (ABNLP & ABH)
🎓 1st TetraMap Facilitator From Myanmar
#EmpoweringLivesEveryDay
#MEI

Leave a comment

Name
E-mail
Website
Comment