Comfort Zone က သင့်ကို သတ်နိုင်တယ်ဆိုတာ သိပါသလား

Comfort Zone က သင့်ကို သတ်နိုင်တယ်ဆိုတာ သိပါသလား

ဘဝမှာ ပျော်ရွှင်မှုတွေ၊ ပန်းတိုင်တွေ၊ ဝါသနာတွေကို သိချင်တယ်ဆိုရင် comfort zone အပြင်ဘက်ထွက်ဖို့က အရမ်း အခရာ ကျပါတယ်။ လူအများစုက Comfort Zone ထဲမှာ နေတဲ့အခါ သက်တောင့်သက်သာ ဖြစ်ပြီး ပျော်ရွှင်ရမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းက သင် Comfort Zone ထဲမှာ နေတာ ကြာလေလေ၊ သင့်ဘဝမှာ ပျော်ရွှင်မှုက ပျောက်ဆုံးလာလေပါပဲ။

ဒါ့ကြောင့် ဘဝမှာ ဒီထက်ပိုကြီးမားတဲ့ အောင်မြင်မှုကို လိုချင်တယ်ဆိုရင် comfort zone ထဲမှာ Energy ဖြည့်တင်းလိုက် Challenge Zone ထဲသွားလိုက် လုပ်တတ်ဖို့ လိုပါတယ်။ လူတွေ Challenge Zone ထဲ မသွားရဲတဲ့ အကြောင်းရင်းတစ်ချက်က comfort zone ထဲမှာ အဆင်မပြေဖြစ်နေတာထက် Challenge Zone ထဲရောက်တဲ့ အခါ ကြုံရမယ့် အခက်အခဲ
တွေက ပိုကြီးနေမှာကို ကြောက်နေတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

ဒီတော့ Comfort Zone ထဲက ထွက်ဖို့ဆိုရင် လုံလောက်တဲ့ Energy လိုအပ်ပါတယ်။

Comfort Zone ထဲက မထွက်နိုင်လေ ဘဝမှာ သင်ရနိုင်တဲ့ အခွင့်အလမ်းတွေကို သင်ဆုံးရှုံးနေလေပါပဲ။ ကျွန်တော် ဒီနေ့မှာတော့
Comfort Zone ထဲမှာနေတာကြာလာရင် ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော် ပြောပြပေးသွားပါမယ်။

Comfort Zone မှာနေရင် သင့်မတိုးတက်ပါဘူး။

ဘဝမှာ တိုးတက်လာမလား
ယုတ်လျော့သွားမလားဆိုတာပဲ ရှိပါတယ်။

ပျော်ရွှင်ချင်တယ်ဆိုရင် တိုးတက်နေဖို့ လိုပါတယ်။
သင်ဘဝမှာ ဖြစ်နိုင်တဲ့ အရာနား သင့်လျှောက်လှမ်းနေတဲ့အချိန် ရတဲ့ ပျော်ရွှင်မှုကို
ဘယ်ပျော်ရွှင်မှုမှ မနှိုင်းယှဉ်နိုင်ပါဘူး။

ဒီတော့ တိုးတက်ဖို့ ဘာတွေ ဆက်လုပ်ရမလဲ။

ဆက်လျှောက်ပါ။

ဆက်လျှောက်ခြင်းဆိုတာ လှုပ်ရှားမှုတစ်ခုပါပဲ။

လှုပ်ရှားဖို့ဆိုရင် သင်လက်ရှိ ရပ်နေတဲ့ နေရာကနေ ထွက်လိုက်ဖို့ လိုပါတယ်။

Comfort Zone ထဲမှာ နေမယ်ဆိုရင် သင်မှာ လှုပ်ရှားမှု မရှိပါဘူး။
လှုပ်ရှားမှု မရှိရင် တိုးတက်မှု ရှိမှာမဟုတ်ပါဘူး။

Comfort Zone ထဲမှာဆိုရင် သင့်မှာ ကြိုးစားမှုတွေ ရှိလာမှာမဟုတ်ပါဘူး.

ဘဝမှာ အရေးအကြီးဆုံးက ကိုယ့်ဘာဝါသနာပါလဲဆိုတာ သိပြီး ဒီအရာအတွက် အချိန်ပေးပြီး ရင်းနှီးမြုပ်နှံဖို့ပါ။ ကိုယ်ဝါသနာပါတဲ့ နယ်ပယ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်လာတယ်ဆိုရင် သင့်အတွက် သာမက ကမ္ဘာကြီး အတွက်လည်း ကောင်းကျိုး ဖြစ်စေပါတယ်။ ဒီတော့ ကမ္ဘာကြီးကို ပြောင်းလဲချင်ပါသလား။
သင့်ကိုသင်ပြောင်းလဲပါ။

ဘဝမှာ လူတစ်ချို့က သူတို့ရဲ့ ဝါသနာကို ငယ်ရွယ်စဉ်မှာပဲ တွေ့သွားကြပါတယ်။
ဒါပေမဲ့ တစ်ချို့တွေကျတော့ ကိုယ်ဘာဝါသနာပါလဲဆိုတာကို အသက်ကြီးသည်အထိ မတွေ့ကြသေးပါဘူး။
သူက ငယ်ရွယ်စဉ်မှာ ဝါသနာတွေ့သွားလို့ဆိုပြီး စိတ်ဓာတ်ကျ မနာလို ဖြစ်နေစရာမလိုပါဘူး။
လူတိုင်းက သူတို့ရဲ့ Time Zone မှာ ရှင်သန်နေကြတာပါ။
ကိုယ့် Time Zone ကို ကိုယ်သိအောင်လုပ်ပါ။
ဒါကို လုပ်ဖို့ အတွက်က သင့်မသိသေးတဲ့ အသစ်အဆန်းသော အရာတွေနဲ့ သင်ကြိုက်တဲ့အရာတွေ
မကြိုက်တဲ့အရာတွေကို လိုက်လံစမ်းသပ်နေပါ။
Comfort Zone ထဲမှာနေပြီး ငါဘာဝါသနာပါလဲဆိုတာ မသိဘူးလို့ မပြောပါနဲ့။
ဝါသနာကို Comfort Zone ထဲက ထွက်မှ သင်သိလာမှာပါ။
အရေးကြီးတာ သင့် Time Zone ကို သင်သိဖို့ပါပဲ။

Comfort Zone မှာ နေတာကြာရင် သင် အခြေကျသွားလိမ့်မယ်။

Comfort Zone ထဲမှာ တတ်နိုင်သလောက်နေဦးမယ်ကွာလို့ သင့်ဆုံးဖြတ်မိလိုက်ရင်တော့
တိုးတက်မှုတွေ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားပြီး Comfort Zone ထဲမှာ အမြစ်တွယ်သွားမှာပါ။

အမြစ်တွယ်ရင် သင်ထွက်ချင်တဲ့စိတ်ပမာရှိနေရင်တောင် သင်ထွက်လာဖို့ မလွယ်ပါဘူး။

ကိုယ်မှာ အမြစ်တွေ ပေါက်နေပြီလားဆိုတာ ကိုယ်တိုင်ပြန်ဆန်းစစ်ပါ။

ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အရာကို ကိုယ်ရှာမတွေ့တဲ့အခါ လူတွေက ပင်ပန်းလာပြီး
ကိုယ့်မှာ ရှိတာနဲ့ပဲ ရောင့်ရဲလိုက်ပါတော့တယ်။
ဒါက အဆိုးရွားဆုံး ကံတရားပါပဲ။ ဘာကြောင့်လည်းဆိုတော့ သင့် အသက်ရှင်နေပေမဲ့ သင်ရဲ့အတွင်းစိတ်က သေဆုံးနေလို့ပါ။

ပိုဆိုးတာက သင် အမြစ်တွယ် အခြေကျသွားတဲ့အခါ အခွင့်အရေးတစ်ခုနဲ့ ကြုံလာရနိုင်ပေမဲ့
မသိစိတ် (ဂျင်းကောင် လေးရဲ့ စေညွှန်းချက်အတိုင်း ) လက်ကို ပြန်ရုတ်လိုက်တတ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သင့် Comfort Zone ထဲမှာ ရနေတဲ့ သာယာမှုလေးတွေကို ဆုံးရှုံးသွားမှာဆိုးလို့ပါ။

Comfort Zone ထဲက ဘယ်လို ထွက်ရမလဲ။

Comfort Zone က သင့်ကို အားကြီးကြီးနဲ့ ဆွဲထားကောင်းဆွဲထားနိုင်ပေမဲ့ မှန်ကန်တဲ့ အားထုတ်မှုနဲ့ စိတ်ရှည်သည်းခံမှု တစ်ခုရှိမယ်ဆိုရင် သင့်အနေနဲ့ ဒီအထဲက ထွက်လာနိုင်ပါလိမ့်မယ်။
အဓိကက နည်းလမ်းမှန်ဖို့ပါပဲ။

Comfort Zone ထဲက ထွက်ဖို့ အတွက် သင့်လုပ်ရမယ့် အရာတစ်ခုကတော့ သင့်ကို အမြဲဆွဲထားတဲ့ ဂျင်းကောင်လေးကို နိုင်နင်းအောင် ကိုင်တွယ်နိုင်တဲ့ အကျင့်တစ်ခု ရအောင် လုပ်ဖို့ပါ။

သင့်မှာ အခွင့်အလမ်းတစ်ခု ကြုံလာပြီဆိုရင် သင့်ရဲ့ ဂျင်းကောင်လေးက သင့်ကို
နောက်ကို ပြန်ဆွဲထည့်နေမှာပါ။ Comfort Zone ထဲက မထွက်အောင် သင့်ကို တားနေမှာပါ။
Comfort Zone ထဲက ထွက်ပြီဆိုတာနဲ့ တွေ့ရမှာ ဒီကောင်လေးကို အရင်တွေ့ရမှာပါပဲ။

ဒါပေမဲ့ သင့်အနေနဲ့ ခြေလှမ်းသေးတစ်ခု စလှမ်းလိုက်တာနဲ့ နောက်ထပ်ခြေလှမ်းနောက်တစ်
ဆက်လှမ်းလာနိုင်မှာပါ။ သင့်ဟာ Comfort Zone အပြင်ဘက်ကို ထွက်လိုက်တာနဲ့ သင့်မှာ ယုံကြည်မှုတွေရှိလာပြီး
သင်လုပ်ဆောင်ရမယ့် ကိစ္စကို လုပ်ဆောင်နိုင်လာမှာပါ။ ဒါက အရေးကြီးဆုံးပါပဲ။

မိတ်ဆွေလည်း Comfort Zone ထဲကထွက်ချင်တယ်ဆိုရင်တော့ ကျွန်တော် နည်းလမ်းလေး သုံးချက် ဝေမျှပေးသွားပါမယ်။
အားလုံး အတွက်အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။

ကိုယ်အချိန်ဆွဲထားတဲ့ အရာတွေကို စာရင်းတစ်ခု ချရေးလိုင်ပါ။

ကိုယ်နောက်မှ၊ နောက်မှ ဆိုပြီး အချိန်ဆွဲထားတဲ့ အလုပ်တွေ၊ တာဝန်တွေ အားလုံးကို ချရေးလိုက်ပါ။
သင်တန်းသွားအပ်ဖို့၊ စာပြန်လုပ်ဖို့၊ အိမ်သန့်ရှင်းရေး လုပ်ဖို့ စတဲ့ ကိုယ်အချိန်ဆွဲထားတဲ့ အရာတွေအားလုံးကို
သေးသေး ကြီးကြီး ချရေးထာလိုက်ပါ။

သင့် စာရင်းထဲက အသေးဆုံး အလုပ်ကနေ စလုပ်ပါ။

သင့်အနေနဲ့ စာရင်းထဲက အချိန်ပိုပေးရမယ့် တာဝန်ကြီးတွေ လုပ်ဖို့ အသင့်မဖြစ်သေးဘူးဆိုရင်
အသေးဆုံး တာဝန်လေးကို ချက်ခြင်း ထလုပ်လိုက်ပါ။
ဥပမာ အိမ်သန့်ရှင်းရေး လုပ်မယ်ဆိုပြီး မလုပ်ဘဲ အချိန်ဆွဲနေတယ်ဆိုရင် ဒီတာဝန်ဟာ
သင့်ရဲ့ Comfort Zone အပြင်က အလုပ်တစ်ခုပါပဲ။ ဒီတော့ ထပ်မဆွဲပါနဲ့တော့။ အခုပဲ စာဖတ်နေတာ ရပ်ပြီး
ချက်ခြင်း ထလုပ်လိုက်ပါ။

အမြဲတမ်း ဆက်လျှောက်နေပါ။

ခြေလှမ်းအသေးစား စလှမ်းလိုက်ပြီဆိုတာနဲ့ သင့်ရဲ့ comfort zone အပြင်က ထွက်ဖို့ဆိုတာ တစ်ဖြည်းဖြည်း ပိုလွယ်လာပါလိမ့်မယ်။
သင်ခြေလှမ်းလှမ်းလိုက်တိုင်းမှာ energy နဲ့ ယုံကြည်မှုတွေ ပိုရလာမှာဖြစ်ပြီး သင့်ရဲ့ comfort zone အပြင်ဘက် ထွက်ဖို့ ပိုလွယ်လာမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ တာဝန်တစ်ခုကို ပြီးသွားတိုင်း နောက်ထပ်တာဝန်တွေကို လုပ်ဆောင်ရင်း
သင့်အကြောက်ဆုံး ကိစ္စကို လုပ်ဆောင်ဖို့ ယုံကြည်ချက်ကို တည်ဆောက်ပါ။

comfort zone ကနေ ထွက်ဖို့ ကျွန်တော်ဖော်ပြခဲ့တဲ့ နည်းလမ်းတွေ အတိုင်းလုပ်ဆောင်ပေးခြင်းဖြင့် မိတ်ဆွေ အနေနဲ့
comfort zone ထဲကနေ ထွက်ရဲတဲ့ အကျင့်တစ်ခုကို ရလာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မိတ်ဆွေဘဝအတွက် အခွင့်အရေးတွေကို
အလှမ်းယူရင် အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုပြီး ရယူပိုင်ဆိုင်နိုင်လာမှာပါ။

လေးစားစွာဖြင့်

Live with Passion 👍

ပြေခိုင်

🎓 Asia’s Top Success Coach
🎓 1st NLP Trainer from Myanmar
🎓 Executive Director at John Maxwell Team
🎓 Certified John Maxwell Coach,Trainer & Speaker
🎓 Master Trainer & Coach at MEI

#EmpoweringLivesEveryDay
#MEI

Leave a comment

Name
E-mail
Website
Comment