(စာနည်းနည်းရှည်ပေမဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိပ္ပါယ်က်ုသိလိုသူများအတွက် အဆုံးထိ ဖတ်သင့်တဲ့ စာတစ်ပုဒ်ဖြစ်ပါတယ်။) 👍 👍 ၂၀၀၉ ခုနှစ် ၊စက်တင်ဘာလ (၈)ရက်က သူ့ရဲ့လုပ်ဆောင်ရွက်ချက်တွေ အတွက်မကြာသေးခင်ကမှ လွှတ်တော်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ် အပ်နှင်းခြင်းခံရတဲ့ ဗိုလ်ကြီး ဝီလီယံ ဆွမ်ဆင် (Captain William Swenson) ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ အဲဒီနေ့က အမေရိကန်နဲ့ အာဖဂန်စစ်သားတွေပါဝင်တဲ့ စစ်ကြောင်း တစ်ကြောင်းဟာ အစိုးရအရာရှိ အဖွဲ့နဲ့ အာဖဂန်အစိုးရအရာရှိ တစ်ဖွဲ့ဟာ ဒေသတွင်း ရပ်မိရပ်ဖက်တစ်ချို့နဲ့ တွေ့ဖို့အစည်းအဝေးတစ်ခုအတွက် အကာအကွယ်ပေးဖို့ အာဖဂန်နစ္စတန် နိုင်ငံထဲက ဒေသတစ်ခုကို ဖြတ်သန်းနေခဲ့ကြတာပါ။ အဲ့ဒီအချိန် သူတို့စစ်ကြောင်းဟာ ချုံခိုတိုက်ခိုက်တာ ခံခဲ့ရပြီးတော့ သုံးဘက်သုံးတန်လုံး အဝိုင်းခံလိုက်ရပါတယ်။ အဲ့ဒီအချိန် Captain Swenson ဟာဒဏ်ရာရနေသူတွေကို ကယ်ထုတ်ဖို့နဲ့ သေဆုံးနေသူတွေကို ဆွဲထုတ်ဖို့အတွက် သေနတ်ကျည်ဆန်တွေကြား ပြေးသွားခဲ့ပါတယ်။ သူကယ်တင်ခဲ့တဲ့သူတွေအနက် တစ်ယောက်ကတော့…
