မိတ်ဆွေတို့ဘဝမှာ ရှာဖွေရမဲ့အရာတွေ 🔍 

မိတ်ဆွေတို့ဘဝမှာ ရှာဖွေရမဲ့အရာတွေ 🔍 

ဘာတွေလဲဆိုတာ သိပြီလား?   ပထမအရွယ်မှာ ပညာရှာ 📖 ဒုတိယအရွယ်မှာ ဥစ္စာရှာ 💼 တတိယအရွယ်မှာ တရားရှာ 🙇‍♂️🙇‍♀️🙏 ဒါတွေကို လူတိုင်းသိပြီးသားဖြစ်မှာပါ☑️ 👆ဒီအရာ (၃)ခုက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်ဆိုတာရော မိတ်ဆွေတို့ သတိထားမိကြရဲ့လား? 🕐အချိန်ဆိုတာ ပြန်လည်ရှာဖွေလို့မရနိုင်တဲ့ အဖိုးအထိုက်တန်ဆုံးအရာတစ်ခုပါ။ ဒီလို အချိန်အခါရှိခိုက်မှာ နေ့စဉ် သင်ယူပါ၊ လေ့လာပါ၊ စာကောင်း ပေကောင်းတွေကို ဖတ်ရှု့လေ့လာပါ📖📖 👨👩ငယ်စဉ်မှာ မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံပါ (ပညာဆည်းပူပါ၊ စာဖတ်ပါ) မှ ဥစ္စာရှာတဲ့အခါ လွယ်ကူမယ်။ လူအများကို ဦးဆောင်နိုင်ပါလိမ့်မယ်🔜 လူအများကို ဦးဆောင်နိုင်ပါမှ🔜 ဥစ္စာရှာဖွေရာမှာ လွယ်ကူပါမှ နောက်ဆုံးအချိန် ဘဝနေဝင်ခါနီးမှာ တရားဘာဝနာကို စိတ်အေးချမ်းသာစွာ အားထုတ်နိုင်ပါလိမ့်မယ်🙏 ✔️မျက်မှောက်ကာလမှာ အောင်မြင်ကျော်ကြားနေတဲ့ ခေါင်းဆောင်ကောင်းတိုင်းဟာ သူ့အရွယ်၊ သူ့အချိန်အခါနဲ့သူ သင်ယူလေ့လာဆည်းပူးနေခဲ့ခြင်းကြောင့်သာ ယခုအချိန်မှာ လူအများကို ဦးဆောင်နိုင်နေခြင်းဖြစ်ပါတယ်။ 📖စာအုပ်စာပေတွေဟာ လူသားတိုင်းအတွက် မိတ်ဆွေကောင်းတွေပါပဲ📖 မိတ်ဆွေတို့ကော…

More info

“မိမိဘာလုပ်နေလဲဆိုတာက ပိုအရေးကြီးတယ်”

အောင်မြင်ချင်တဲ့ စိတ်နဲ့ လွယ်လွယ်ကူကူ အရှုံးပေးချင်တဲ့ စိတ်ဖြစ်လာပြီဆိုရင် သိစိတ်နဲ့ မသိစိတ်ရဲ့ အားပြိုင်မှုတွေကလဲ ပိုမို အားပြင်းထန်လာလေ့ရှိပါတယ်။ အောင်မြင်ချင်တဲ့ စိတ်ကို လူတိုင်း ပိုင်ဆိုင်ထားပြီးသားပါ သို့သော်လည်း အောင်မြင်ဖို့ လျှောက်နေတဲ့ လမ်းပေါ်မှာတင် လွယ်လွယ်နဲ့ အရှုံးပေးချင်စိတ်တွေ ခဏခဏ ပေါ်လာတတ်ပါတယ်။ အလုပ်လုပ်နေသရွေ့ ရှုံးနိမ့်မှုဆိုတာ မကြာခဏဆိုသလို တွေ့နေရဦးမှာပါပဲ တစ်ချို့က သာမန်ဘဝလေးနဲ့ပဲ ကျေနပ်နေလိုက်ကြဖို့အတွက် ကိုယ့်မက်နေခဲ့ရတဲ့ အိပ်မက်တွေကို အရှုံးပေးတတ်ကြပါတယ် လူတော်တော်များများက သူများတွေဘာလုပ်နေလဲဆိုတာကိုပဲ စိတ်ဝင်စားနေတတ်ကြတယ်။ အမှန်တကယ်က “ မိမိဘာလုပ်နေလဲဆိုတာက ပိုအရေးကြီးပါတယ်” မိမိမှာ ရှိနေတဲ့ အောင်မြင်ချင်တဲ့ ဆန္ဒက “ကိုယ်ဘာလုပ်နေလဲ၊ ဘာတွေတွေးနေလဲ” ဆိုတာတွေကိုပဲ နားထောင်ပေးနိုင်မှာပါ။ အောင်မြင်လိုတဲ့ ဆန္ဒတွေ ထက်သန်လာပြီဆိုရင်တော့ စိတ်ကူးအိပ်မက်တွေထဲကနေ နိုးထပါ။ ပြီးရင်တော့ ချက်ချင်း ACTION ယူပါ အောင်မြင်မှုအသီးအပွင့်တွေဆိုတာ မိတ်ဆွေတို့ရဲ့ လက်တစ်ကမ်းမှာပဲရှိနေပါတယ် ချစ်ခြင်းအားဖြင့်…

More info

သင်ဘယ်အရာအပေါ် မှီခိုနေပါသလဲ။

သင်ဘယ်အရာအပေါ် မှီခိုနေပါသလဲ။

တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ ထီးနန်းတက်ပြီးတော့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေက ဘုရင်တွေထံ နန်းတတ်တဲ့ အထိမ်းအမှတ်အနေနဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒီလိုနဲ့ နိုင်ငံအသီးအသီးက ဘုရင်တွေထံ လည်ပတ်ပြီးတဲ့နောက်မှာ ဘုရင်ကြီး နောက်ဆုံးလည်ပတ်ခဲ့တဲ့ နိုင်ငံမှ ဘုရင်က သူ့ကို လက်ဆောင်အနေနဲ့ အရောင်အသွေး တော်တော်လှပတဲ့ Macaw Parrots 🐦ပေါက်လေး တစ်စုံကို ပေးလိုက်ပါတယ်။ ဒီလို လှပတဲ့ ငှက်လေးတွေကို ဘုရင်ကြီး အနေနဲ့ ပထမဆုံး မြင်ဖူးတာလည်း ဖြစ်ပါတယ်။ ဒီတော့ သူ့နိုင်ငံပြန်ရောက်တော့ တိုင်းပြည်တစ်ခွင်မှာ အတော်ဆုံး ငှက်လေ့ကျင့်ပေးတဲ့ သူတွေ ခေါ်ပြီး သူ့ရဲ့ Macaw Parrots လေးတွေကို လေ့ကျင့်ပေးဖို့ အမိန့်ပေးလိုက်ပါတယ်။ ဘုရင်ကြီးက ငှက်ပေါက်လေးတွေကို ချစ်လွန်းတဲ့အတွက် ဒီငှက်လေးတွေအတွက် နန်းတော်ထဲမှာ ငှက်ဥယျာဉ်တစ်ခုကိုပါ တည်ဆောက်ပေးလိုက်ပါသေးတယ်။ အားတဲ့အချိန်တိုင်းလည်း ဒီငှက်လေးတွေကို သူ့ပြတင်းပေါက်ကနေ ကြည့်ကြည့်နေတတ်ပါသတဲ့။ တစ်နေ့မှာတော့ ငှက်လေ့ကျင့်ပေးတဲ့သူက…

More info

အောင်မြင်မှုဆိုတာ အာကာသယာဉ်တစ်စီးလိုပါပဲ။

အောင်မြင်မှုဆိုတာ အာကာသယာဉ်တစ်စီးလိုပါပဲ။

အာကာသ ဒုံးပျံယာဉ်တွေ ကောင်းကင်ထဲသို့လွှတ်တင်တဲ့ ဗီဒီယိုတွေ ကို မိတ်ဆွေတို့ ကြည့်ဖူးကြပါသလား။ ဒီလောက်မြင့်မားတဲ့ သတ္တုတုံးကြီး ကောင်းကင်တည့်တည့်ကို တက်သွားတယ်ဆိုတာ တော်တော်ကို အံ့ဩဖို့ကောင်းသလို တော်တော်ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပိုအရေးကြီးတာ တစ်ခုက အာကာသ ဒုံးပျံယာဉ်တွေဟာ အောင်မြင်မှုကို ပုံဆောင်နေတာပါ။ ဒီလိုပါ။ အာကာသ ဒုံးပျံယာဉ်တွေရဲ့ အမြင့်ဟာ ၁၅ ထပ် တိုက်တစ်တိုက် အမြင့် ( ၁၈၄ ပေ) ခန့်ရှိပြီး အလေးချိန်ကတော့ ပေါင် ၄.၅ သန်းခန့် အထိ ရှိပါတယ်။ ဒီလောက် အလေးချိန်ရှိတဲ့ ဒုံးပျံယာဉ်တွေကို လူသားတွေက မြေပြင်ကနေ မိုင်ပေါင်း ၂၀၀ လောက်အထိ အမြင့်သို့ တက်သွားအောင် ကြိုးစားရတာ ဖြစ်ပါတယ်။ ဒုံးပျံယာဉ်ကြီးကို လွှတ်မတင်ခင်မှာ ပထမဆုံး လုပ်ဆောင်ရတဲ့ အလုပ်ကတော့ အာကာသ ယာဉ်…

More info

အောင်မြင်မှုကို ဖန်တီးပေးနိုင်တဲ့ ယုံကြည်ချက် (၄) ရပ်

အောင်မြင်မှုကို ဖန်တီးပေးနိုင်တဲ့ ယုံကြည်ချက် (၄) ရပ်

သင်ဟာ သင့်ရဲ့ ခရီးကိုမောင်းနှင်နေတာပါ။ ဒီခရီးကို ဘဝလို့ခေါ်ပါတယ်။ ဒီခရီးမှာ အနိမ့်အမြင့်တွေလည်း ကြုံရမယ်။ ဘဝခရီးဟာ ရှုပ်ထွေးတဲ့ခရီးတစ်ခု ဖြစ်ပြီး ပျော်ရွှင်မှုတွေနဲ့ စိန်ခေါ်မှုတွေလည်း အများအပြားရှိနေပါတယ်။ တစ်ခါတစ်ရံမှာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့ရတဲ့ အခါ စိတ်ဓာတ်ကျတဲ့ အချိန်တွေလည်း ခဏခဏ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ မိတ်ဆွေအနေနဲ့ စွမ်းအားကြီးတဲ့ ယုံကြည်ချက် ၄ ခုကို လိုက်လံကျင့်သုံးမယ်ဆိုရင် သင်ဟာ အောင်မြင်မှုဆီကို တွန်းပို့ပေးနိုင်မယ့် စိတ်ဓာတ်တစ်ခုကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။ ၁။ ဖြစ်ပျက်သမျှအကြောင်းအရာတွေ အားလုံးက ကိုယ်မျှော်လင့်ထားတာနဲ့ မကိုက်ညီဘူးဆိုရင် အဲ့ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူနိုင်ရပါမယ်။ 🚵‍♀️ 🚵‍♀️ NLP မှာဆိုရင် ကျရှုံးမှုဆိုတာမရှိဘူး။ သင်ခန်းစာပဲရှိတယ်ဆိုတဲ့ ခွန်အားပေးနိုင်တဲ့ ယုံကြည်မှုတစ်ခုကို အရင်ဆုံး လက်ခံရပါတယ်။ ဒါရဲ့ အဓိပ္ပါယ်ကတော့ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒါက သင်ခန်းစာတွေပါပဲ။ ဒါမှ…

More info

ပျင်းရိခြင်းကို ကျော်လွှားနိုင်စေမယ့် နည်းစနစ် (၃) ချက်။

ပျင်းရိခြင်းကို ကျော်လွှားနိုင်စေမယ့် နည်းစနစ် (၃) ချက်။

မိတ်ဆွေတို့လည်း ကိုယ်ပျင်းနေပြီလို့ ခံစားမိရင် ဒီအချက်လေးတွေကို လုပ်ကြည့်ပါခင်ဗျာ။ “ သာမန်မျက်လုံးတွေ မမြင်နိုင်တဲ့ အရာတွေကို သတိမူပြီး အသက်ရှင်နေထိုင်ပါ။” – Dan Millman ကျွန်တော်တို့ နေထိုင်နေတဲ့ကမ္ဘာ တကယ့် အခွင့်အလမ်းတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးတာ။ ဒေါက်တာမာတင်လူသာကင်း ၁၉၆၇ အောက်တိုဘာ ၂၆ ရက်နေ့က ကျောင်းသားလေးတွေကို ပြောခဲ့တဲ့ မိန့်ခွန်းတစ်ခုမှာဆို ကျွန်တော်တို့ ကမ္ဘာကြီးက ပိုပြီး အခွင့်အလမ်းတွေ များလာပြီလို့ ပြောခဲ့ပါတယ်။ ဒါက လွန်ခဲ့တဲ့ အနှစ် ၅၀ ခန့်ကပြောခဲ့တဲ့ ဆိုတော့ ဒီနေ့ခေတ်ဟာ အရင်ကထက် အရမ်း အခွင့်အလမ်းတွေများလာပါတယ်။ ဒေါက်တာ မာတင်လူသာကင်းပြောခဲ့တဲ့ အချိန်ကထက်လည်း ပိုများနေပါပြီ။ ကျွန်တော်တို့တွေ သမိုင်းတစ်လျှောက် ဘယ်လူသားမှ မစီးနိုင်ခဲ့တဲ့ ယာဉ်တွေနဲ့ခရီးသွားနေနိုင်ပြီ။ ဘယ်လူသားတွေမှ မဆက်သွယ်နိုင်ခဲ့တဲ့ နည်းလမ်းတွေနဲ့ ကျွန်တော်တို့ ဆက်သွယ်နိုင်နေပြီ။ ကျွန်တော်တို့တွေဟာ အရင်ကလူသားတွေထက်…

More info