ဘာတွေလဲဆိုတာ သိပြီလား?
ပထမအရွယ်မှာ ပညာရှာ 📖
ဒုတိယအရွယ်မှာ ဥစ္စာရှာ 💼
တတိယအရွယ်မှာ တရားရှာ 🙇♂️🙇♀️🙏
ဒါတွေကို လူတိုင်းသိပြီးသားဖြစ်မှာပါ☑️
👆ဒီအရာ (၃)ခုက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်ဆိုတာရော မိတ်ဆွေတို့ သတိထားမိကြရဲ့လား?
🕐အချိန်ဆိုတာ ပြန်လည်ရှာဖွေလို့မရနိုင်တဲ့ အဖိုးအထိုက်တန်ဆုံးအရာတစ်ခုပါ။
ဒီလို အချိန်အခါရှိခိုက်မှာ နေ့စဉ် သင်ယူပါ၊ လေ့လာပါ၊ စာကောင်း ပေကောင်းတွေကို ဖတ်ရှု့လေ့လာပါ📖📖
👨👩ငယ်စဉ်မှာ မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံပါ (ပညာဆည်းပူပါ၊ စာဖတ်ပါ) မှ ဥစ္စာရှာတဲ့အခါ လွယ်ကူမယ်။
လူအများကို ဦးဆောင်နိုင်ပါလိမ့်မယ်🔜
လူအများကို ဦးဆောင်နိုင်ပါမှ🔜 ဥစ္စာရှာဖွေရာမှာ လွယ်ကူပါမှ နောက်ဆုံးအချိန် ဘဝနေဝင်ခါနီးမှာ တရားဘာဝနာကို စိတ်အေးချမ်းသာစွာ အားထုတ်နိုင်ပါလိမ့်မယ်🙏
✔️မျက်မှောက်ကာလမှာ အောင်မြင်ကျော်ကြားနေတဲ့ ခေါင်းဆောင်ကောင်းတိုင်းဟာ သူ့အရွယ်၊ သူ့အချိန်အခါနဲ့သူ သင်ယူလေ့လာဆည်းပူးနေခဲ့ခြင်းကြောင့်သာ ယခုအချိန်မှာ လူအများကို ဦးဆောင်နိုင်နေခြင်းဖြစ်ပါတယ်။
📖စာအုပ်စာပေတွေဟာ လူသားတိုင်းအတွက် မိတ်ဆွေကောင်းတွေပါပဲ📖
မိတ်ဆွေတို့ကော နေ့တိုင်းစာပေပညာတွေကို လေ့လာဆည်းပူးနေပြီလား💬💬
ချစ်ခြင်းအားဖြင့်
ပြေခိုင်
🎓 Asia’s Top Business & Success Coach
🎓 1st ActionCOACH (Business Coaching) from Myanmar
🎓 1st NLP Trainer from Myanmar
🎓 1st NLP Coach Trainer from Myanmar
🎓 Executive Director & Certified Coach, Trainer & Speaker at John Maxwell Team (JMT)
🎓 Master Trainer, Coach, Facilitator at Myanmar Excellence Institute (MEI)