တစ်ခါတုန်းက ဘုရင်ကြီးတစ်ပါးဟာ ထီးနန်းတက်ပြီးတော့ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေက ဘုရင်တွေထံ နန်းတတ်တဲ့ အထိမ်းအမှတ်အနေနဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒီလိုနဲ့ နိုင်ငံအသီးအသီးက ဘုရင်တွေထံ လည်ပတ်ပြီးတဲ့နောက်မှာ ဘုရင်ကြီး နောက်ဆုံးလည်ပတ်ခဲ့တဲ့ နိုင်ငံမှ ဘုရင်က သူ့ကို လက်ဆောင်အနေနဲ့ အရောင်အသွေး တော်တော်လှပတဲ့ Macaw Parrots 🐦ပေါက်လေး တစ်စုံကို ပေးလိုက်ပါတယ်။ ဒီလို လှပတဲ့ ငှက်လေးတွေကို ဘုရင်ကြီး အနေနဲ့ ပထမဆုံး မြင်ဖူးတာလည်း ဖြစ်ပါတယ်။ ဒီတော့ သူ့နိုင်ငံပြန်ရောက်တော့ တိုင်းပြည်တစ်ခွင်မှာ အတော်ဆုံး ငှက်လေ့ကျင့်ပေးတဲ့ သူတွေ ခေါ်ပြီး သူ့ရဲ့ Macaw Parrots လေးတွေကို လေ့ကျင့်ပေးဖို့ အမိန့်ပေးလိုက်ပါတယ်။ ဘုရင်ကြီးက ငှက်ပေါက်လေးတွေကို ချစ်လွန်းတဲ့အတွက် ဒီငှက်လေးတွေအတွက် နန်းတော်ထဲမှာ ငှက်ဥယျာဉ်တစ်ခုကိုပါ တည်ဆောက်ပေးလိုက်ပါသေးတယ်။ အားတဲ့အချိန်တိုင်းလည်း ဒီငှက်လေးတွေကို သူ့ပြတင်းပေါက်ကနေ ကြည့်ကြည့်နေတတ်ပါသတဲ့။ တစ်နေ့မှာတော့ ငှက်လေ့ကျင့်ပေးတဲ့သူက…
